skip to main |
skip to sidebar
ဗုဒ္ဓရဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက ဘူရိဒတ်ဇာတ်တော်အကြောင်းပါ... ဘူရိဒတ်ဇာတ်တော်ကို ကျမငယ်ငယ်က ကြားဖူးနားဝ မရှိခဲ့ပါဘူး... ဒီစာအုပ်လေးကို ဖတ်ပြီးတော့မှ ဒူရိဒတ်ဇာတ်တော်အကြောင်း သိခဲ့ရတာမို့ ကျမအတွက်တော့ ရှားပါးပြီး တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်ပါပဲ...
စာမရီသို့ထူးထူးခြားခြား - ချစ်ဦးညို
စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...
Copy From: k2tmaung (30 October 2009 Friday 02:11AM)
ကျမ အရမ်းသဘောကျမိတဲ့ ဆရာချစ်ဦးညိုရဲ့ စာအုပ်လေးတွေထဲက ကျမ အကြိုက်ဆုံး စာအုပ်တစ်အုပ်ပါ... ဒီစာအုပ်လေးက ကျမတို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ညီတော် အာနန္ဒမင်းသားအကြောင်းလေးပါ... ဒီစာအုပ်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျမမောင်လေး သူ့သူငယ်ချင်းတစ်ယောက်ဆီက ငှားလာလို့ ဖတ်ဖြစ်ခဲ့တာပါ... ဖတ်ပြီးတဲ့နောက် အရမ်းသဘောကျမိတဲ့အတွက် ရွှေဘုံသာလမ်းက စာအုပ်ဆိုင်တွေမှာ ခြေချင်းထပ်ပြီး ကာလအတော်အတန်ကြာမှ ရှာဖွေဝယ်ယူနိုင်ခဲ့တဲ့ ကျမအတွက် အမှတ်တရစာအုပ်လေးတစ်အုပ်ပါ... ဒီလိုပါပဲ ဒီစာအုပ်လေးကို ကျမ online စာကြည့်တိုက်တွေမှာ မကြာခဏ ရှာဖွေကြည့်ရှုမိပေမယ့် မတွေ့ခဲ့ဖူးပါဘူး... လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဝိညာဉ်သစ် မြန်မာ online စာကြည့်တိုက် မှာ ရှာတွေ့ခဲ့လို့ ဝမ်းသာအားရ download လုပ်ပြီး ကျမ Page ပေါ် တင်ခဲ့ခြင်းဖြစ်ပါတယ်...
ကျမ ဘယ်အတွက်ကြောင့် ဒီစာအုပ်လေးကို သဘောကျရသလဲဆိုရင်ဖြင့်... မာန်မာနကင်းသော... ရိုးရှင်းသော... နူးညံ့သိမ်မွေ့သော ညီတော်အာနန္ဒရဲ့ စိတ်နှလုံး... ဘုရားရှင်တော်မြတ်ပေါ်ထားသော အရှင်အာနန္ဒရဲ့ ရိုကျိုးနာခံမှတ်သားတတ်မှုတွေ၊ အကြွင်းမဲ့ယုံကြည်လေးစားမှုတွေကို လေးစားနှစ်သက်မိလို့ပါ... အဲဒီလို ဖတ်ရှုခွင့်ရတဲ့အတွက် ကျမမောင်လေး နဲ့ စာအုပ်ငှားပေးခဲ့တဲ့ မောင်လေးရဲ့သူငယ်ချင်းလေးကို ကျေးဇူးတင်နေဆဲပါ... နောက်ပြီး မြန်မာပြည်နဲ့ဝေးကွာနေသော ကျမတို့အဖို့ online မှ အခမဲ့ စာအုပ်တွေ ဖတ်ရှုနိုင်အောင် idea ကောင်းကောင်းနဲ့ မျှဝေပေးနေကြတဲ့ online စာကြည့်တိုက်တွေ၊ မြန်မာ စာအုပ် Site တွေကို တော်တော်လေး သဘောကျမိပါတယ်... ကျေးဇူးလည်းတင်ပါတယ်... အထူးသဖြင့် ကျမ အရမ်းတောင့်တမိတဲ့ ဒီစာအုပ်လေးကို တင်ပေးတဲ့ မည်သူမည်ဝါမှန်းမသိပေမယ့် ဝိညာဉ်သစ်မှ တစ်စုံတစ်ယောက်ကို အရမ်းကျေးဇူးတင်ပါတယ်... စာအုပ်လေးကိုတော့ အောက်ဘက်မှာ download ယူနိုင်ပါတယ်... :)
နေမင်းလမင်း သိန်းရာထောင် - ချစ်ဦးညို
စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...
Copy From: k2tmaung (15 October 2009 Thursday 02:38AM)